Posts

ဘုတ်ပြင်းမှာ တောဆင်ရိုင်းကိုသတ်ပြီး အရေခွံခွာ၊ နှာမောင်းဖြတ်ယူ

Afbeelding
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ဝါးချောင်းကျေးရွာတောထဲက ဆင်ရိုင်းတကောင်ကို သတ်ဖြတ်ပြီး၊ ဆင်အရေခွံခွာကာ နှာမောင်းပါဖြတ်ယူသွားတယ်လို့ ဘုတ်ပြင်းမြို့နယ် သစ်တောအုပ် ဦးတင်မောင်လတ်က ဘီဘီစီကို နိုဝင်ဘာလ ၁ရက်နေ့မှာ ပြောပါတယ်။ ဘုတ်ပြင်းမြို့နယ်၊ ဝါးချောင်းကျေးရွာတောထဲမှာ အောက်တိုဘာ နောက်ဆုံးပတ်အတွင်းမှာ ဆင်မုဆိုးတွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ သတ်ဖြတ်ခံရတဲ့ဆင်က ဟိုင်းဆင်အမျိုးအစားဖြစ်ပြီးတော့ အသက်ရွယ်အားဖြင့် ၄၅နှစ်အရွယ်လို့ သစ်တောဌာနက ခန့်မှန်းထားပါတယ်။ "တောဆင်ရိုင်းကို အရေခွံ့ခွာ၊ နှာမောင်းဖြတ်ယူသွားတာ မြိတ် နဲ့ ကော့သောင်းခရိုင်မှာ ၅နှစ်အတွင်း ပထမ ဆုံးပဲ၊ သတ်ခံရတာမဟုတ်ဘဲ သူ့သဘာဝအလျောက်သေတာတွေကတော့ ၄ကောင်လောက်ပဲရှိတယ်" လို့ ဦးတင်မောင်လတ်က ဘီဘီစီကိုပြောပါတယ်။ စိုးရိမ်စရာ တောဆင်ရိုင်း အရေခွံ ကုန်သွယ်ရေး မြန်မာ့ တောဆင်ရိုင်းကောင်ရေ တဟုန်ထိုး ကျဆင်းလာနေ မြန်မာ့ တောဆင် တွေ အသတ် ခံနေ ရတာတွေကို ပိုပြီး ကာကွယ်ဖို့ လို သတ်ဖြတ်သွားတဲ့ ဆင်မုဆိုးကိုတော့ မဖမ်းမိသေးပေမယ့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်း ဆိုင်ရာဥပဒေ ပု...

အိမ်ထောင်ရေး ဖောက်ပြန်တာ တားမြစ်တဲ့ ဥပဒေဆွဲရာမှာပါသူ ဖောက်ပြန်မှုနဲ့ ကြိမ်ဒဏ်ပေးခံရ

အင်ဒိုနီးရှားမှာ တင်းကျပ်တဲ့ အိမ်ထောင်ရေး ဥပဒေ ရေးဆွဲ ပြဋ္ဌာန်းရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသား တစ်ယောက် ဖောက်ပြန်တယ်ဆိုပြီး ကြိမ်ဒဏ်ပေးခံရပါတယ်။ သူ့ကို အောက်တိုဘာလ ၃၁ ရက် ကြာသပတေးနေ့မှာ ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ တင်းကျပ်တဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု ဥပဒေ ရေးဆွဲရတဲ့ အဖွဲ့အစည်းမှာ ပါဝင်သူ ဖြစ်ပါတယ်။ သူ့ကို အိမ်ထောင်ရှိတဲ့ အမျိုးသမီးနဲ့ ဖောက်ပြန်တာကို တွေ့ရလို့ လူအများကြားမှာ ကြိမ်ဒဏ် စီရင်တယ်လို့ ဆိုပါတယ်။ အာချေး ပြည်နယ် အစ္စလာမ် ဘာသာရေး ပညာရှင် ကောင်စီ အဖွဲ့ဝင် မူခလစ် ဘင် မိုဟာမက် ဟာ ကြိမ်ဒဏ် ၂၈ ချက် အပြစ်ပေး ခံရပါတယ်။ သူနဲ့ ဖောက်ပြန်တယ်ဆိုတဲ့ အမျိုးသမီးကတော့ ကြိမ်ဒဏ် ၂၃ ချက် အပြစ်ပေးခံရပါတယ်။ အစ္စလာမ်ဘာသာရေး ရှရီယာ ဥပဒေ အပြည့်အဝ ဘရူနိုင်းမှာ သက်ဝင်လာ ယောက်ျားတွေ ဒုတိယဇနီး ယူမယ့်ကိစ္စ ဆုံးဖြတ်တဲ့ အမျိုးသမီး လိင်တူဆက်ဆံတဲ့ အမျိုးသမီးတွေကြိမ်ဒဏ်သင့် မူခလစ် ဟာ ရှေးရိုးစွဲ အယူဝါဒ ပြင်းထန်တဲ့ အာချေး ဒေသက ဖြစ်ပါတယ်။ ဒီဒေသဟာ အင်ဒိုနီးရှားမှာ တင်းကျပ်တဲ့ အစ္စလာမ် ရှရီးယား ဥပဒေကို ကျင့်သုံးတဲ့ တစ်ခုတည်းသော နေရာ ဖြစ်ပါတယ်။ လိင်တူချင်းဆက်ဆံတာနဲ့ လောင်းကစားလုပ်တာတွေကိုလည်း လ...